ကျိုက်ထို ၆ စက်တင်ဘာ
ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နေ့ ညနေ ၇ နာရီခန့်၌ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ အမှတ်(၄)ရပ်ကွက် ရန်ကုန်-မော်လမြိုင် ရထားလမ်းမိုင်တိုင် အမှတ် (၇၇/၁၄)နှင့် (၇၇/၂၄) အကြားတွင် ရထားလမ်းပေါ်သို့ ရေအမြင့် (၁)ပေ(၆) လက်မ ခန့်မြင့်တက်ခဲ့ရာ မော်လမြိုင်ဘူတာမှ ထွက်ခွာလာသော အမှတ်(၈၆)အစုန် မော်လမြိုင် - ပဲခူး လော်ကယ်ရထားသည် သိမ်ဇရပ်ဘူတာ၌ ရပ်တန့်ကာ ရန်ကုန်ဘူတာကြီးမှ ထွက်ခွာလာသော အမှတ်(၁၇၅) အဆန် ရန်ကုန် - ထားဝယ် ခရီးသည်တင် အမြန်ရထားမှာလည်း ဝေါမြို့နယ် အဗျားဘူတာမှ သိမ်ဇရပ်ဘူတာ၌ ရပ်တန့်ခဲ့ရကြောင်းနှင့် ရေကျချိန်ကို စောင့်ဆိုင်းပြီး စက်တင်ဘာ ၆ ရက် နံနက် ၁ နာရီခန့်တွင် ရထားလမ်းပေါ်ရှိ ရေများပြန်လည် ကျဆင်းခဲ့၍ အဆိုပါ ရထား(၂)စီးမှာ ခရီးစဉ်အတိုင်း ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ဝင်းမောင်(ကျိုက်ထို)


