မန္တလေး မေ ၆
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမ သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကို မေ ၆ ရက် မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ပြုလုပ်ရာ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ကြိုဆိုအမှာစကား ပြောကြားပြီး ဝိဇ္ဇာဘာသာရပ်ဌာနများကိုယ်စား အရှေ့တိုင်းပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာထွေးရီကလည်းကောင်း၊ သိပ္ပံဘာသာရပ်ဌာနများကိုယ်စား ကုန်ထုတ်ဓာတုဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာဦးကိုဝင်းတို့က ကြိုဆိုဝမ်းမြောက်စကား ပြောကြားကြသည်။ ရတနာပုံတက္ကသိုလ်တွင် နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမသစ်လွင် ၄၇ ဦးကို ခန့်အပ်ခဲ့ကြောင်း သိရသည်။
တင်မောင်-မန္တလေး