နေပြည်တော် ၂၂ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး တောင်သာမြို့နယ် ရုံးစည်ကြီးကျေးရွာ ရွာလယ်လမ်းမ၌ ရုံးစည်ကြီးရဲကင်းစခန်းမှူး ဒုတိယရဲအုပ် ငါးရယ်ဦးစီးသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၉ နာရီက မှုခင်းလျော့နည်းကျဆင်းရေး၊ ခိုးဆိုးလုယက်မှုများ မဖြစ်ပွားစေရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား ရှောင်တခင်ပိတ်စို့ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရဲပြန်ကြား


