နေပြည်တော်၊ဧပြီ ၂၅

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှု မွမ်းမံသင်တန်း အမှတ်စဉ်(၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ Covid-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

ဦးစွာ ဒုတိယဝန်ကြီး ဦးသန့်စင်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည်  အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးလိုအပ်ချက်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားလာစေရန်နှင့် e-government စနစ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံ သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစား အားထုတ်ကြစေလိုကြောင်း ပြောကြားသည်။

ယခုဖွင့်လှစ်သည့် ရုံးလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုမွမ်းမံသင်တန်း အမှတ်စဉ် (၂) သို့ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ အသီးသီးမှ သင်တန်းသား၊ သင်တန်းသူ (၅၀) တက်ရောက်ကြမည်ဖြစ်ပြီး သင်တန်း ကာလမှာရက်သတ္တ (၅) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ/သားများ တက်ရောက်ကြသည်။

သတင်းစဉ်