တိုကျို၊ မတ် ၁၂
ဂျပန်ရုပ်ရှင် Godzilla Minus One သည် ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံးအထူးပြုလုပ်ချက် (Visual Effects- VFX) အတွက် ၂၀၂၄ ခုနှစ် အကယ်ဒမီဆုကို ဆွတ်ခူး နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆုအမျိုးအစားတွင် ဂျပန်ရုပ်ရှင်သည် အော်စကာဆုကို ဆွတ်ခူးနိုင်မှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ Godzilla Minus One ရုပ်ရှင်သည် ဂျပန်နိုင်ငံက ရိုက်ကူးထုတ်လုပ်ပြီး Godzilla (ဂေါ်ဇီလာ) ဇာတ်ကောင် ပါဝင်သည့် (၃၀) ကားမြောက် ရုပ်ရှင်ဖြစ်ကြောင်း သိရသည်။
၁၉၅၄ ခုနှစ်တွင် ထွက်ရှိခဲ့သော ပထမဆုံး ဇာတ်လမ်းတွဲ၏ နှစ် (၇၀) ပြည့်မတိုင်မီ ၎င်းရုပ်ရှင်ကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ပွဲဦးထွက်ပြသခဲ့ သည်။ နောက်ဆုံးထွက်ရှိသော ရုပ်ရှင်တွင် ဂေါ်ဇီလာသည် စစ်ပြီးခေတ် ဂျပန်နိုင်ငံ၌ ဖရိုဖရဲ ဖြစ်ပွားမှုများကို ရိုက်ကူးပုံဖော်ထားသည်။
ဂေါ်ဇီလာသည် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့်မြို့ကို မမျှော်လင့်ဘဲ ရောက်ရှိလာပြီး ညှာတာမှုကင်းမဲ့စွာ ဖျက်ဆီးပစ်ပုံ၊ ၎င်းနှင့် လူတွေတိုက်ခိုက်ကြပုံကို VFX နည်းပညာအသုံးပြုကာ ပုံဖော်ရိုက်ကူးထားကြောင်း သိရသည်။
အဆိုပါ ရုပ်ရှင်သည် ဂျပန်နိုင်ငံတွင် အထူးလူကြိုက်များခဲ့ပြီး ရုံဝင်ငွေမှာလည်း ယန်း ၆ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ သန်း ၄၀ ခန့်) ရရှိခဲ့သည်။ ဒါရိုက်တာ ယာမာဇာကီ တာကာရှီသည် VFX နှင့် ဇာတ်ညွှန်းရေးသားမှုကို ဖန်တီးခဲ့သူဖြစ်သည်။
အင်န်အိတ်ချ်ကေ