၈ မတ်
မြန်မာ ဗီဒီယိုဇာတ်ကားများနှင့် ရုပ်ရှပ်ဇာတ်ကားများ နောက်ပိုင်း ရိုက်ကူးမှုများတွင် LGBT များကို မိမိအသုံးချခံ လူသားအဖြစ် လှောင်ပြောင်းပြက်ရယ်ပြုမူအပေါ် အလွှာစုံ LGBT IQ များက ကန့်ကွက်ခြင်း နှင့် ပတ်သက်ပြီး မိတ်ကပ်ပညာရှင် မေဦးမောင် (တော်ဝင်သူ) အနေဖြင့် ယခုလို ပြောလာသည်။
''ဆက်ဆံမှုမျိုးစုံကို ခံရတယ်၊ လှောင်ပြောင်တာတွေလည်း ခံရပါတယ်။ လူငယ်တွေကအစ ကလေးတွေကအဆုံး အခြောက်မကြီး မိန်းမလျာကြီး ဂျီပုံးမတွေ ခေါ်ဝေါ်လှောင်ပြောင်ရင် လူထဲကလူမို့ ခံစားချက်တွေ ရှိတယ်။ ဇာတ်ကားတွေထဲမှာ လှောင်ပြောင် ပြက်ရယ်ပြုနေသမျှတော့ ဒီဘဝက ရုန်းကန်ထွက်လို့မရပါဘူး။ လူသားတွေထဲက တစ်ယောက်ဖြစ်လို့ လူကိုလူတစ်ယောက်လို မြင်စေချင်ပါတယ်။ ရှေ့ဆက် LGBT နဲ့ ပတ်သက်ပြီး ရှေ့လျှောက် ရိုက်ကူးမယ့် ကားတွေလည်းရှိတယ်လို့ ကြားသိရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ချိုးနှိမ်တာမဟုတ်ဘူး နစ်နာစေဖို့ ဆန္ဒမရှိဘူးဆိုလည်း ပိတ်ကားပေါ် ကြည့်ရင် LGBT အသိုင်းအဝိုင်းက ကြည့်ရင် ဒီလိုသက်ရောက်မှုတွေ ရှိသွားပါတယ်။ ကိုယ့်လုပ်လိုက်တဲ့ အပြုအမူကို ပြန်သုံးသပ်စေချင်ပါတယ်'' ဟု မိတ်ကပ်ပညာရှင် မေဦးမောင်က ပြောဆိုသည်။
LGBTIQ များသည် နိုင်ငံသားများဖြစ်သည့် နှင့်အညီ၊ နိုင်ငံသားတိုင်ခံစားပိုင်ခွင့်ရှိသည့် နိုင်ငံသား အခွင့်အရေးများကို ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ကာကွယ်မူအောက်တွင် တရားဥပဒေ စိုးမိုးမှုအောက်တွင် အသက်ရှင်နေထိုင်ကာ သမာအာဇီဝဖြင့် လုပ်ကိုင်စားသောက်လျက်ရှိကြောင်း၊ LGBTIQ များသည် လူသားဖြစ်သည်နှင့်အညီ လူ့အခွင့်အရေးအခြေခံ စံနှုန်းများကိုလည်း အပြည့်အဝခံစားခွင့်ရှိကြောင်း၊ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့်အညီ LGBTIQ များအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆောင်ရွက်လာပါက ဥပဒေအရ ကာကွယ်ပေးမှုများကို ခံစားပိုခွင့်ရှိကြောင်း၊ ယခုအခါတွင် LGBTIQ များအပေါ် အနုပညာ ဖျော်ဖြေရေးလောကမှ တချို့သောသူသူများမှ အထင်အမြင်လွဲမှားစေသော ပုံရိပ်များ ဂုဏ်သိက္ခာထိခိုက်လျော့ပါးစေသည့် အပြုအမူများကို ဖန်တီးသရုပ်ဖော်ကာ လှောင်ပြောင် ပြက်ရယ်ပြုမှုများဖြင့် စီးပွားရှာလျက်ရှိကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုလင်း