ရန်ကုန် ၁ ဖေဖော်ဝါရီ
ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း အစီအစဉ်အဖြစ် ဒါရိုက်တာ Kim-Ki-Duk ၏ Spring, Summer, Autumn, Winter and Spring အား ဖေဖော်ဝါရီ ၃ ရက် မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့ အမှတ်(၅၀) ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင် အနုပညာရပ်ဝန်းမှ ရုပ်ရှင်ပြခန်းမ၌ ပြုလုပ်ကြမည်ဖြစ်သည်။
ထိုသို့ လေ့လာခြင်းကို Cinematheque Program ၏ ကဏ္ဍခွဲတစ်ခုအဖြစ် (၁၀) ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်းနှင့် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာမှ စီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာ အောင်မင်းမှ ဦးဆောင်ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)