ရုပ်ရှင်မင်းသား တွမ်ဟော်လန် စပိုက်ဒါမန်း ဝတ်စုံဝတ်ပြီး ဆေးရုံပေါ်က ကလေးတွေကို ဖျော်ဖြေပေး

စပိုက်ဒါမန်းလို့ခေါ်တဲ့ ပင့်ကူလူသား ဇာတ်ရုပ်ဟာ ကလေးတွေ အလွန်နှစ်ခြိုက်ကြတဲ့ ဇာတ်ရုပ်လည်းဖြစ်ပါတယ်။ အခုဆိုရင် ပင့်ကူလူသားဟာ ရာဇဝတ်မှုတွေဖြေရှင်းဖို့တင် မဟုတ်ဘူး၊ သူ့ရဲ့စွမ်းအားကို အသုံးပြုပြီး တခြားကောင်းမွန်တဲ့ အရာတွေပြုလုပ်လို့ ရသေးတယ်ဆိုတာကို သိသွားပါပြီ။

စပိုက်ဒါမန်းအဖြစ် သရုပ်ဆောင်တဲ့ တွမ်ဟော်လန်ဟာ သူ့ရဲ့တွဲဖက် သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဇန်ဒယာနဲ့ ဂျိတ်ဂျေလင်ဟယ်တို့နဲ့အတူ လွန်ခဲ့တဲ့သတင်းပတ်က  လော့အိန်ဂျလိစ် မြို့မှာရှိတဲ့ ကလေးဆေးရုံက လူနာတွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ရုပ်ရှင်မင်းသားဟော်လန်ဟာ သူ့ရဲ့စပိုက်ဒါမန်း ဝတ်ဆုံကို ဝတ်ဆင်ထားပြီး တွဲဖက်သရုပ်ဆောင် ဇန်ဒယာ နဲ့အတူ ဆေးရုံက လူနာကလေးတွေ ပျော်ရွှင်မှုရအောင် ဖျော်ဖြေပေးခဲ့ပါတယ်။

စပိုက်ဒါမန်းဇာတ်ကားသစ်ကို အထူးပြပွဲအဖြစ် လူနာမိသားစုတွေနဲ့ လူနာတွေကို ပြသပေးခဲ့ပါတယ်။ Spider – Man : Far From Home ရဲ့ ပွဲဦးထွက်ပြသမှုကို ဇူလိုင် ၂ ရက်နေ့မှာ ပြုလုပ်ပြီး ဒါရိုက်တာကတော့ ဂျွန်ဝတ်စ်ပဲဖြစ်ပါတယ်။ အဲဒီဇာတ်ကားမှာ ဆမ်မြူရယ် အယ်လ်ဂျက်ဆင်၊ ကော်ဘီစမော်ဒါနဲ့ ဂျွန်ဖယ်ဘရာတို့လည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

စီအန်င်အင်န်