၂ အောက်တိုဘာ

 

ရုပ်ရှင်မင်းသမီး ဂွတ်နက်ပထရိုဟာ ရုပ်သံပရိုဂျူဆာတစ်ဦးဖြစ်သူ ဘရက်ဖယ်ချက်နဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့အကြောင်း ကြေညာခဲ့ပါတယ်။ သူတို့စုံတွဲဟာ ဂွတ်နက်ပက်ထရို ရဲ့နေအိမ်မှာပဲ သီးသန့်မင်္ဂလာပွဲလေးကျင်းပပြီး စနေနေ့ကပဲ လက်ထပ်ခဲ့ကြတာပါ။ တနင်္ဂနွေနေ့မှာတော့ ဂွက်နက်ပထရိုဟာ သူ့ရဲ့လက်ထပ်ပွဲတုန်းက ပုံနှစ်ပုံကို ပြသခဲ့ပါတယ်။

 

ဒါကြောင့်လည်း သူတို့လက်ထပ်လိုက်ပြီလို့ အတိအကျ ပြောလို့ရသွားပါတယ်။ မင်းသမီးရဲ့ ပရိသတ်တွေကတော့ မင်္ဂလာမောင်နှံအတွက် ဆုမွန်ကောင်းတွေ တောင်းပေးခဲ့ကြပါတယ်။ သူတို့စုံတွဲဟာ ၂၀၁၅ ခုနှစ်က ချစ်ကျွမ်းဝင်ခဲ့ကြတာဖြစ်ပြီး ယခုနှစ်စောပိုင်းကမှ စေ့စပ်ကြောင်း ကြေညာခဲ့ပါတယ်။

 

ဂွတ်နက်ပထရိုဟာ ခင်ပွန်းဟောင်းဖြစ်သူ ခရစ်မာတင်နဲ့ ကလေးနှစ်ဦးရှိပြီး  ၂၀၁၆ ခုနှစ်ကမှ အပြီးသတ်ကွာရှင်းခဲ့ပြီး ဆယ်စုနှစ်တစ်ခုကြာ အိမ်ထောင်ရေးကို အဆုံးသတ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ သူတို့နှစ်ဦးဟာ အခုအချိန်မှာတော့ သူငယ်ချင်းတွေအဖြစ်နဲ့ အဆင်ပြေနေတယ်လို့ ဆိုပါတယ်။ အခု ဂွတ်နက်ပထရိုရဲက မင်္ဂလာပွဲကိုတော့ ခင်ပွန်းဟောင်းဖြစ်သူ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

 

ဘီဘီစီ