mdn

၃၀  သြဂုတ်

 

တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲသစ် “Asadal Chronicles”မှာ နာမည်ကျော်တွေ စုပေါင်းပါဝင် သွားမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော “Descendants of the Sun (DOTS)” ဇာတ်လမ်းတွဲနဲ့ နာမည်ကျော်ခဲ့တဲ့ မင်းသား ဆောင်းဂျွန်ကီ၊ ဇာတ်လမ်းတွဲပေါင်းများစွာမှာ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ရသူ မင်းသမီး ကမ်ဂျီဝန်နဲ့ တစ်ချိန်က အလွန်ကို ကျော်ကြားခဲ့ပြီး မြန်မာပရိသတ်တွေက ဒါရိုက်တာရင်လို့ စွဲမှတ်ခေါ်ယူခြင်းခံရသူ မင်းသား ဂျန်ဒုံဂန်တို့ အတူတွဲဖက် ပါဝင်ကြမှာဖြစ်ကြောင်း ဟန်စင်းနီးမားဒေါ့ကွန်းက ရေးသားဖော်ပြခဲ့ပါတယ်။

 

“Asadal Chronicles”ဟာ သမိုင်းဦးလူသားတွေအကြောင်းနဲ့ ရှေးခေတ်က မြို့ပြထူထောင်ခြင်း အကြောင်းတွေကို ရိုက်ကူးပုံဖော်သွားမယ့် ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။ မင်းသား ဆောင်းဂျွန်ကီ အနေနဲ့ ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ သုံးနှစ်တာအတွင်း ပထမဆုံးပြန်လည်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် မင်းသမီး ဆောင်းဟေကိုနဲ့ လက်ထပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ မင်းသမီး ကမ်ဂျီဝန် ကတော့ “Fight My Way”ရုပ်ရှင်မှာ ပါဝင်ထားခဲ့ပြီး သူနဲ့ ဆောင်းဂျွန်ကီတို့နှစ်ဦးစလုံးဟာ အာရှတစ်ဝန်း အလွန်ကို ကျော်ကြားတဲ့ “Descendants of the Sun (DOTS)” ဇာတ်လမ်းတွဲမှာ တွဲဖက်ပါဝင်ခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။

 

အေးပြည့်