၁၆ မေ
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရဲ့ လမ်းတွေပေါ် ရုပ်သေးရုပ်ထဲဝင်ပြီး လမ်းသွားလမ်းလာတွေဆီကနေ ဓါတ်ပုံအရိုက်ခံခြင်းနဲ့ ကခုန်ခြင်းများ ပြုလုပ်ပြီး ပိုက်ဆံလှည့်လှည်တောင်းခံနေတဲ့ ကလေးငယ်များကို တွေ့ရပါတယ်။ အွန်ဒဲ-အွန်ဒဲ လို့ခေါ်တဲ့ ၆ပေခွဲအမြင့်ရှိတဲ့ ရုပ်သေးရုပ်တွေနဲ့အတူ အင်ဒိုနီးရှား ကလေးငယ်တွေက သူတို့ရဲ့စာဝတ်နေရေးကို ဖြေရှင်းနေကြရပါတယ်။

အွန်ဒဲ-အွန်ဒဲ အရုပ်မှာ အမျိုးသမီးပုံနဲ့ အမျိုးသားပုံဆိုပြီး ရှိပါတယ်။ အမျိုးသားပုံမှာ နှုတ်ခမ်းမွှေး ခပ်ထူထူနဲ့ မျက်လုံးနီပြီး အမျိုးသမီးပုံကတော့ အဖြူရောင်မျက်နှာပေါ်မှာ အနီရောင်တောက်တောက် နှုတ်ခမ်းနီဆိုးထားတာကို တွေ့ရပါတယ်။ အရုပ်ရဲ့ ဆံပင်ကိုတော့ အုန်းလက်တွေကို အသုံးပြုထားတာကို တွေ့ရပါတယ်။

အခုလို မူစလင် ဥပုသ်လအချိန်မှာ ကလေးငယ်တွေက သူတို့ကို မုန့်ဖိုးများများပေးခဲ့မယ်လို့ မျှော်လင့်နေကြပါတယ်။ သူတို့ဟာ တစ်နေ့ကို ဒေါ်လာ ၂၀ လောက်ရဖို့အတွက် လွယ်လွယ်ကူကူနဲ့တော့ မရနိုင်ကြပါဘူး။

ရုပ်သေးရုပ်ကြီးထဲ ဝင်ဖို့ဆိုရာမှာ ၃၀ ကီလိုဂရမ် နီးပါးလေးတဲ့ အရုပ်ကြီးရဲ့ ဝါးဖရိုန်ကို သူတို့ရဲ့ ပခုံးပေါ်တင်ရပါတယ်။ အရုပ်ထဲမှာ သိပ်ပူတယ်လေ ကိုယ်မှာဝတ်ထားတဲ့ အဝတ်တွေအားလုံး ချွေးတွေနဲ့ ရွဲနစ်နေတာပါ။ ဒီဟာက သိပ်ကို ပင်ပန်းပါတယ်လို့ ဂျူနီရာတီက ပြောပါတယ်။ ဂျူနီရာတီက သူမရဲ့ဖခင်ကွယ်လွန်တဲ့အတွက် ဂရိတ် ၃ မှာ ကျောင်းကထွက်ပြီး မိသားစုရဲ့ စားဝတ်နေရေးကို ကူညီနေသူဖြစ်ပါတယ်။
အင်ဒိုနီးရှားရဲ့ ဆင်းရဲတဲ့နေရာတွေမှာ နေထိုင်သူတွေအတွက်တော့ ရုပ်သေးရုပ်ဟာ လူသိများတဲ့ ငွေရှာနည်းတစ်ခုဖြစ်ပါတယ်။
MDN
ကိုးကား - AFP