လှိုင်သာယာ ၁၉ ဖေဖော်ဝါရီ


ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် အမှတ်(၇)ရပ်ကွက်ရှိ တေးဥယာဉ် (၁၀) လမ်းနှင့် (၁၃) လမ်း၊ အောင်တံခွန် လမ်းများတွင် ရှုပ်ထွေးလျက်ရှိသော လျှပ်စစ်ဆားဗစ်ကြိုးများ ရှင်းလင်းရေးနှင့် ဓာတ်တိုင်အသစ်များ စိုက်ထူနိုင်ရန် ယနေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။


လျှပ်စစ်အန္တရာယ်များ ရှိနိုင်သည့်အတွက် ရှုပ်ထွေးလျှပ်စစ် ဆားဗစ်ကြိုးများ ရှင်းလင်းရန်နှင့် အချို့သော နေရာများတွင် ဓာတ်တိုင်အသစ်များ လဲလည်သွားရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ပြီး လမ်းသူလမ်းသားများနှင့် တွေ့ဆုံ၍ သဘောထားများ မေးမြန်းခြင်း၊ အကြံပြုချက်များနှင့် လိုက်နာရန် တာဝန်များ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။


တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁) လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်၊ လှိုင်သာယာမြို့နယ် လျှပ်စစ်ရုံးမှ တာဝန်ရှိသူများ၊ အမှတ်(၇)ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ လျှပ်စစ်အန္တရာယ် ကင်းဝေးရေးနှင့် အမြင်တင့်တယ်စေရေး လမ်းသူလမ်းသားများနှင့် တွေ့ဆုံကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


မောင်မောင်တာ( ပြန်/ ဆက်)

mdn