၂၅ ဧပြီ

 

ရုရှားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်များ ထိပ်သီးဆွေးနွေးပွဲကို ရုရှားနိုင်ငံ အရှေ့ဖျား ဗလာဒီဗိုစတော့ခ်မြို့တော်တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဗလာဒီမာပူတင် နှင့် ကင်ဂျုံအန် တို့သည် တင်းကျပ်သောလုံခြုံရေး အကြား ပထမဆုံး ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် သည် ဗလာဒီဗိုစတော့ခ်မြို့တော်သို့ ယမန်နေ့က ရောက်ရှိခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် သည် ထိပ်သီးဆွေးနွေးပွဲ မစတင်မီလေးပင်  ၎င်းမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ထိပ်သီးဆွေးနွေးပွဲမှာ လေးနာရီကြာမြင့်သည်ဟု ထင်ရကြောင်း ရုရှား ရုပ်သံလိုင်းတွင် ဖော်ပြထားသည်။

 

အမေရိကန်သမ္မတဒေါ်နယ်ထရန့် နှင့်အတူ ဟနွိုင်းမြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ထိပ်သီးဆွေးနွေးပွဲပြီးနောက် အမေရိကန်နှင့် မြောက်ကိုရီးယား သံတမန်ဆက်ဆံရေး မဆုတ်သာ မတိုးသာ အခြေအနေတွင် ကင်ဂျုံအန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

 

မြောက်ကိုရီးယား နျူကလီးယားဖျက်သိမ်းရေးနှင့် ပတ်သက်ပြီး  အမေရိကန် ဦးဆောင်သော အရေးယူပိတ်ဆို့မှုများအပေါ် သဘောထားကွဲလွဲမှုများကြောင့် ကင် နှင့် ထရန့် ထိပ်သီးဆွေးနွေးပွဲ ပျက်သွားခဲ့ကြောင်း ဖော်ပြထားသည်။

 

mdn

 

ကင် နှင့် ပူတင် တို့အကြား အဓိက ဆွေးနွေးမည့်အချက်မှာ မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား အစီအစဉ်ဖြစ်ဖွယ်ရှိကြောင်း သိရသည်။

 

အမေရိကန်နိုင်ငံသည်  မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားအပြီးတိုင်ဖျက်သိမ်းမှု မပြီးမချင်း အရေးယူပိတ်ဆို့မှု ပြုလုပ်ရန် လိုလားကြောင်း ဖော်ပြထားသည်။

 

ကိုးကား- အန်အိတ်ချ်ကေ                                

ဘာသာပြန်- မြင့်မြင့်ချို

 

mdn