နေပြည်တော် မတ် ၅

ဒီရုရှားရောက်တဲ့အခါမှာ H.E. Vladimir Vladimirovich Putin နဲ့တင်မကပဲနဲ့ ရုရှားရဲ လုံခြုံရေးကောင်စီအတွင်းရေးမှူး ၊ ပြီးရင် ရုရှားအထက် လွှတ်တော် ဥက္ကဋ္ဌ ၊ ရုရှား ဒူးမားလွှတ်တော် ဥက္ကဋ္ဌ ၊ ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ရုရှားမှာရှိတဲ့ ခေါင်းဆောင်တွေအားလုံးနဲ့ တွေ့ဆုံခဲ့ပါတယ်။ အနှစ်ချုပ်ကတော့ မြန်မာ-ရုရှားပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမယ်။ စီးပွားရေး၊ နိုင်ငံရေး ၊ လူမှုရေး၊ ကာကွယ်ရေး အားလုံးမြှင့်တင်သွားမှာဖြစ်ပါတယ်။ သမ္မတကြီး H.E. Vladimir Vladimirovich Putin နဲ့ ဆုံတွေ့တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ မြန်မာ-ရုရှား မိတ်ဖက်ဆက်ဆံရေး ၊ မဟာမိတ်ဆက်ဆံရေး ခိုင်မာတဲ့ဆက်ဆံရေး ဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်တို့ စီးပွားရေး ၊ နိုင်ငံရေး၊ လူမှုရေး ကဏ္ဍပေါင်းစုံမှာ အားလုံးတိုးမြှင့်နိုင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့တယ်။ ဒီနေ့ ရုရှား- မြန်မာ MYANMAR_ RUSSIAN Business Forum တွေပါတယ်။ သူရဲ့အချိတ်အဆက်တွေလဲဖြစ်ပါတယ်။ ယုံကြည်စိတ်ချရဆုံးနဲ့ မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေ ဖြစ်နေမယ့်နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ရေးရာမှာရော မြန်မာရေးရာမှာရော ရုရှားနိုင်ငံက မြန်မာနိုင်ငံဘက်ကနေ ရပ်တည်ပေးခဲ့တာကို ကျွန်တော်တို့ အထူးကျေးဇူးတင်ပါတယ်။

၁၁၀ မီဂါဝပ်အားရှိတဲ့ နူကလီယားဓာတ်ပေါင်းဖိုကို ရုရှားရဲ့အကူအညီနဲ့ တည်ဆောက်ပါမယ်။ ဒါအပြင် အရှေ့တောင်အာရှမှာ အရေးကြီးတဲ့ စီးပွားရေးအရ အခြေခံကောင်းမွန်လာမယ့် ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါသည် အလွန်ကြီးမားတဲ့ Project ကြီးဖြစ်ပါတယ်။ ဒါ့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်းကို အသုံးပြုခြင်းအားဖြင့် ကုန်းတွင်းလမ်းကို အသုံးပြုပြီးတော့ မလက္ကာရေလက်ကြားကို အသုံးမပြုဘဲနဲ့ ထားဝယ်ရေနက် ဆိပ်ကမ်းကနေ ဗီယက်နမ်မှာရှိတဲ့ ဒါနန်း( Da Nang) ဆိပ်ကမ်း ၊ အခြားဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်ခြင်းအားဖြင့် မလက္ကာရေလက်ကြားကို မဖြတ်ဘဲနဲ့သွားနိုင်တဲ့ လမ်းကြောင်းသစ်တစ်ခု ပေါ်လာမှာဖြစ်တယ်။ ဒီရေနက်ဆိပ်ကမ်းက ဘာကြောင့်အရေးပါလဲဆိုလို့ရှိရင် ထားဝယ်ရေနက်ဆိပ်ကမ်းက ဘယ်နေရာရှိလဲဆိုရင် မြန်မာနိုင်ငံအောက်ပိုင်းမှာရှိတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းအောက်မှာ မလက္ကာရေလက်ကြားဆိုတာရှိတယ်။ ဒီမလက္ကာရေလက်ကြားဆိုတာက တောင်တရုတ်ပင်လယ်နဲ့ ဟိုဘက်မှာရှိတဲ့ အိန္ဒိယသမုဒ္ဒရာနှစ်ခုဆက် ပေးထားတာဖြစ်တယ်။

စိန့်ပီတာစဘတ်စ်မှာ မြန်မာ-ရုရှား တွေ့ပြီးတော့ ရင်းနှီးမှုမြှင့်တင်နိုင်ရေးအတွက်ကြောင့် ကောင်စစ်ဝန်ချုပ်ရုံးအသစ် သွားရောက်ဖွင့်လှစ်မှာဖြစ်တယ်။ ပြီးရင် ဘီလာရု ကို သွားမယ်။ ပြန်လာရင် ကျွန်တော်တို့ ရုရှားမှာရှိတဲ့ ဗလာဒီဗော့စတော့ ကို သွားမယ်၊ အဲဒီမှာလဲ ကောင်စစ်ဝန်ချုပ်ရုံးအသစ် တစ်ခု ဖွင့်မယ်။ ကျွန်တော်ပြောချင်တာကတော့ ဒီနေ့ကနေစပြီးတော့ မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ ၊ ပိုမိုတည်မြဲစေဖို့ သမိုင်းကဏ္ဍအသစ်ကို ဖွင့်လှစ်နိုင်ပြီဖြစ်တယ်လို့ ဝမ်းမြောက်ဝမ်းသာပြောချင်ပါတယ်။