၃၁ ဇူလိုင်
အာရှပစိဖိတ်ဒေသအတွင်း ရုရှားနှင့်တရုတ်တို့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများနှင့် ပတ်သက်၍ အမေရိကန် ပစိဖိတ် လေတပ်တပ်ဖွဲ့၏ တပ်မှူးက များစွာ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့်အပတ်က ဂျပန်ပင်လယ်ပြင်အတွင်း တရုတ်နှင့် ရုရှားတို့ပူးတွဲကင်းလှည့်လေ့ကျင့်ခြင်းကို ရည်ညွှန်းပြီး အင်္ဂါနေ့က ဝါရှင်တန်တွင် ပြုလုပ်သည့် မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး ချားလ်ကျူဘရောင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
တရုတ်နှင့်ရုရှားနိုင်ငံမှ ဗုံးကြဲလေယာဉ်များသည် တောင်ကိုရီးယားနိုင်ငံ၏ လေကြောင်း ကာကွယ်ရေးသတ်မှတ် ဇုန်ကို ထိုးဖောက်ခဲ့ကြောင်း ဘရောင်းက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများသည် အမေရိကန်ပြည်ထောင်စုနှင့် ၎င်း၏ မဟာမိတ်များဖြစ်သည့် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကို ခြိမ်းခြောက်လျက်ရှိသည်ဟု ဘရောင်းက ပြောကြားခဲ့သည်။
ထိုင်ဝမ်ရေလက်ကြားကို ရုရှားဗုံးကြဲလေယာဉ်တစ်စင်း ဖြတ်ကျော်ဝင်ရောက်မှုမပြုလုပ်မီ ရုရှားနိုင်ငံသည် တရုတ်ထံမှ သံတမန်ပိုင်းဆိုင်ရာ ရှင်းလင်းပြောကြားမှု ရရှိခဲ့ဖွယ်ရှိကြောင်း ဘရောင်းက ပြောသည်။ တရုတ်နိုင်ငံမှာ အမေရိကန်ကို စိုးရိမ်ပူပန်စေသည့် အဓိကနိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ရုရှားနှင့် ပူးပေါင်းဆောင်ရွက် မှုကလည်း အာရုံစိုက်စရာဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်