မော်စကို မေ ၂၈

ရုရှားအနေဖြင့် ရုရှား-ယူကရိန်း ငြိမ်းချမ်းရေးစာချုပ်မူကြမ်းကို ယူကရိန်းသို့ မကြာမီပေးပို့မည်ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာကာရိုဗာက မေ ၂၇ ရက်တွင် ပြောကြားသည်။ 

ရုရှားအနေဖြင့် ယူကရိန်းနှင့် အနာဂတ်ကာလတွင် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန်အတွက် ငြိမ်းချမ်းရေးစာချုပ်မူကြမ်းကို ကိယက်ဗ်သို့ပေးပို့မည်ဖြစ်ပြီး ၎င်းစာချုပ် မူကြမ်းတွင် ပဋိပက္ခဖြေရှင်းရေးစည်းမျဉ်းများ၊ ငြိမ်းချမ်းရေးသဘောတူညီချက်ရယူမည့် အချိန်ကာလနှင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အကြောင်းအရာများကို ဖော်ပြထားကြောင်း  မာရီယာက ပြောကြားသည်။ အဆိုပါငြိမ်းချမ်းရေးစာချုပ်မူကြမ်းကို ကိယက်ဗ်သို့ မကြာမီပေးပို့မည်ဖြစ်ပြီး ယူကရိန်းဘက်မှလည်း ၎င်းတို့ပြင်ဆင်ထားသည့် ငြိမ်းချမ်းရေးစာချုပ်မူကြမ်းကို  မော်စကိုသို့ ပေးပို့မည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်းက ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန် သမ္မတထရမ့်တို့၏ ဖုန်းဖြင့်ဆွေးနွေးမှုအတွင်း ရုရှားအနေဖြင့် ယူကရိန်းနှင့် ငြိမ်းချမ်း ရေးရရှိရန်အဆိုပြုသည့် ငြိမ်းချမ်းရေးစာချုပ်မူကြမ်းကို ယူကရိန်းသို့ပေးပို့ရန် ခေါင်းဆောင် နှစ်ဦးအကြားသဘောတူခဲ့သည်။

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ