၂၃ ဇူလိုင်

ရုရှားစစ်ဘက်လေယာဉ်တစ်စီးသည် ယနေ့မနက်ပိုင်းက တာကီရှီးမား ကျွန်းအနီးရှိ တောင်ကိုရီးယားလေပိုင်နက်ကို ထိပါးခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာက ဖော်ပြထားသည်။

တောင်ကိုရီးယား လေကြောင်းတပ်ဖွဲ့က ဂျက်တိုက်လေယာဉ်များပျံသန်းကာ သတိပေးပစ်ခတ်မှုများဖြင့် တုံ့ပြန်ခဲ့ကြသည်ဟု ယွန်ဟပ် သတင်းအေဂျင်စီက ရေးသားထားသည်။

အဆိုပါ ကျွန်းများသည် တောင်ကိုရီးယားထိန်းချုပ်ထားသော ကျွန်းများဖြစ်သည်။ ဂျပန်နိုင်ငံက ၎င်းကျွန်းများကို တောင်းဆိုထားသည်။

၎င်းကျွန်းများသည် ဂျပန်ပိုင်နက်နယ်မြေ၏ နဂိုမူလ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနှင့် တောင်ကိုရီးယားနိုင်ငံက တရားမဝင် သိမ်းပိုက်ထားခြင်းဖြစ်ကြောင်း ဂျပန်အစိုးရက ဆိုသည်။

ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို