မော်စကို ၁၃ အောက်တိုဘာ

 

ရုရှားနိုင်ငံ၌ လွန်ခဲ့သည့် ၂၄  နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၃၈၆၈ ဦး စံချိန်တင်တွေ့ရှိခဲ့ပြီး နောက်လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၃၂၆၁၇၈ ဦးရှိလာခဲ့ကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်ရေးဗဟိုဌာနက ယနေ့ ပြောကြားသည်။

 

မြို့တော်မော်စကို၌ ၂၄ နာရီ အတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူ ၄၆၈၁ ဦး တွေ့ရှိခဲ့ရာ   လက်ရှိအချိန်အထိ မော်စကိုတစ်မြို့တည်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ပေါင်း  ၃၃၉၄၃၁ ဦး ရှိလာကြောင်း သိရသည်။

 

ထို့အပြင် ရုရှား၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း  ကိုဗစ်-၁၉ ရောဂါကြောင့် ၂၄၄ ဦး  ထပ်မံသေဆုံးခဲ့ရာ လက်ရှိအချိန်အထိ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၂၂၉၆၆ ဦး ရှိလာကြောင်း သိရသည်။

 

သို့သော် ရုရှား၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော လူနာ ၂၅၅၀ ဦး  ရောဂါကင်းစင်ပြီး ဆေးရုံများမှ ပြန်ဆင်းခဲ့ကြရာ လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူပေါင်း ၁၀၃၁၇၈၅ ဦး ရှိလာကြောင်း သိရသည်။ ရုရှားအစိုးရသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ရန်အတွက် သက်ကြီးပိုင်းများ ခရီးသွားလာခြင်းဆိုင်ရာ ကန့်သတ်ချက်အသစ်ကို ချမှတ်ထားကြောင်း သိရသည်။

 

 ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ