မော်စကို မတ် ၄

 

ရုရှားတပ်ဖွဲ့ဝင်များသည် ရုရှားနိုင်ငံ ဘယ်လ် ဂိုရော့စ်ဒေသမှ စားသောက်ကုန်တန် ၃၀ ကျော်ကို ရုရှား-ယူကရိန်း နယ်စပ်ရှိ ယူကရိန်းနိုင်ငံ ခါကစ်ဒေသခံများအား ပေးအပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ပြောကြားသည်။

 

ထို့ပြင် ဘယ်လ်ဂိုရော့စ် ဒေသအနီးရှိ ယူကရိန်း နယ်မြေများဖြစ်သော ဗော်ချန်နှင့် ကော်စက်လိုပန် ဒေသများသို့လည်း ရုရှားတပ်ဖွဲ့ဝင်များက လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါပေးအပ်သော ကုန်ပစ္စည်းများတွင် စည်သွတ်ဘူးများ၊ အသား၊ ငါးနှင့် သောက်ရေသန့်ဘူးများ ပါဝင်ကြောင်းသိရသည်။ အဆိုပါထောက်ပံ့ရေးပစ္စည်းများကို ရုရှားတပ်ဖွဲ့ဝင်များက သက်ကြီး ရွယ်အိုများ၊ ကလေးငယ်များနှင့် အမျိုးသမီးများအား ပေးအပ်ခဲ့ကြောင်း သိရသည်။ ။

 

ကိုးကား-တက်စ်သတင်းအေဂျင်စီ

ဘာသာပြန်-စိုးသူရ