မော်စကို ၅ ဖေဖော်ဝါရီ

ရုရှားနိုင်ငံ မော်စကိုမြို့လယ်ရှိ ဇိမ်ခံလူနေအဆောက် အအုံတစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ရှစ်ဦးအထိ ရောက်ရှိလာကြောင်း ရုရှားသတင်းမီဒီယာတစ်ခုတွင် ယမန်နေ့က ဖော်ပြခဲ့သည်။

လတ်တလောသတင်းများအရ ကလေးနှစ်ဦး အပါ အဝင် သေဆုံးသူ ရှစ်ဦးအထိရှိကြောင်း ရုရှားနိုင်ငံစုံစမ်း စစ်ဆေးရေးကော်မရှင် မော်စကိုဌာနအကြီးအကဲ၏ ပြောရေးဆိုခွင့်ရှိသူ ယူလီယာအိုင်ဗန်နိုဗာက ပြောသည်။ ထို့အပြင် ရုရှားနိုင်ငံ အရေးပေါ်ဝန်ကြီးဌာန၏ သတင်း ရင်းမြစ်ကို ကိုးကားကာ စပွတ်နစ်သတင်းအေဂျင်စီ ကလည်း အလားတူ သေဆုံးသူအရေအတွက်ကို ဖော်ပြခဲ့သည်။

လူနှစ်ဦး သို့မဟုတ် နှစ်ဦးထက်ပိုပြီး သေဆုံးမှု ဖြစ်ပွားခဲ့သည့်ကိစ္စကို သိရှိရန် ကော်မတီအနေဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မီးလောင်မှုကြောင့် သေဆုံးသူ ခြောက်ဦးရှိကြောင်း ယမန်နေ့အစောပိုင်းက ကော်မတီက ပြောကြားခဲ့သည်။ မီးလောင်မှုသည် ဖေဖော်ဝါရီ ၄ ရက် ဒေသစံတော်ချိန် နံနက် ၁၂ နာရီ ၅၅ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်းနှင့် ခုနစ်ထပ်တိုက်၏ ငါးထပ်မြောက်အခန်းတွင် စတင်မီး လောင်ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မီးလောင်မှုကို မီးသတ်ကား ၂၅ စီး၊ လူအင်အား ၈၀ ဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်မှုသည် လေးနာရီကျော် ကြာခဲ့ကြောင်း သိရသည်။ မီးသတ်သမားများက ကလေးငယ်ရှစ်ဦးအပါအဝင် လူပေါင်း ၄၂ ဦးကို အဆောက်အအုံအတွင်းမှ ကယ်တင်ခဲ့ကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ဆင်ဟွာ