မော်စကို ၃ ဇွန်
ရုရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၈၅၃၆ ဦး ထပ်မံစမ်းသပ်တွေ့ရှိခဲ့ရာ ယနေ့အထိ နိုင်ငံအတွင်း ရောဂါကူးစက်ခံရသူပေါင်း ၄၃၂၂၇၇ ဦးရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ရေး ဗဟိုဌာနမှ ယနေ့ထုတ်ပြန်သည့်ကြေညာချက် တစ်ရပ်တွင် ဖော်ပြထားသည်။
ထို့အတူ ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်အတွင်း ၁၇၈ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၅၂၁၅ ဦး ရှိလာကြောင်း၊ ထို့အပြင် တစ်ရက်အတွင်း ၈၉၇၂ ဦး ပြန်လည်ကျန်းမာလာခဲ့ရာ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၁၉၅၉၅၇ ဦး ရှိလာကြောင်း သိရသည်။
ထို့အပြင် မြို့တော်မော်စကိုတစ်မြို့တည်းတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၄၂ ဦး ထပ်မံစမ်းသပ်တွေ့ရှိခဲ့ရာ ရောဂါကူးစက်ခံရသူပေါင်း ၁၈၇၂၁၆ ဦးရှိလာကြောင်း သိရသည်။
ရုရှားအစိုးရသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက ရောဂါကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရန် ရောဂါစစ်ဆေးမှုကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိရာ လူ ၁၁ ဒသမ ၄ သန်း၏ နမူနာကို ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စမ်းသပ်စစ်ဆေးခဲ့ပြီး လူ ၃၀၃၆၄၁ ဦးသည် ဆေးဘက်ဆိုင်ရာ စောင့်ကြည့်မှုကို လောလောဆယ် ခံယူလျက်ရှိကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ