မော်စကို ဒီဇင်ဘာ ၂၉

 

ရုရှားနိုင်ငံအား ဒုံးကျည်ဖြင့် တိုက်ခိုက်မည်ဆိုပါက အမေရိကန်နှင့် နေတိုးအဖွဲ့တို့အား စစ်ရေးအရ ပြန်လည်တုံ့ပြန်မည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလဗ်ဗရော့ဒ်က ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

 

ရုရှားနိုင်ငံအား အမေရိကန်နိုင်ငံနှင့် နေတိုးအဖွဲ့တို့က ဒုံးကျည်များဖြင့် တိုက်ခိုက်မည်ဆိုပါက စစ်ရေးအရ ပြန်လည်တိုက်ခိုက်မည်ဖြစ်ပြီး စေ့စပ်ညှိနှိုင်းဆွေးနွေးမည်ဆိုပါကလည်း လက်ခံရန် အသင့်ရှိကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

ရုရှားနိုင်ငံအနေဖြင့် ပဋိပက္ခဖြစ်ပွားမည့် ကိစ္စရပ်များကို ရှောင်လွှဲနိုင်ရန်နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် ညှိနှိုင်းဆွေးနွေးသွားရန်ရှိကြောင်း ၎င်းကမှတ်ချက်ပြုပြောကြားသည်။  တိုးအဖွဲ့၏ အင်အား ချဲ့ထွင်မှုသည် ရုရှားနိုင်ငံ၏လုံခြုံရေးကို ထိခိုက်လာစေနိုင်ကြောင်း ၎င်းက ပြောကြားသည်။

 

ရုရှားနိုင်ငံ၏ မကြာသေးမီက တာဝေးပစ်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်ခြင်းသည် မိမိနိုင်ငံ၏ ကာကွယ်ရေး စွမ်းရည်ကို ပြသခြင်း ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုပြောကြားသည်။

 

ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ