၁၄ ဩဂုတ်
ကိုဗစ်-၁၉ ကာကွယ်ဆေးနှင့် ပတ်သက်ပြီး ရုရှားနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းနေကြောင်းနှင့် ရုရှားနိုင်ငံသည် မကြာမီ ကာကွယ်ဆေး ထုတ်လုပ်တော့မည်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ အကြီးတန်း ကျွမ်းကျင်သူ တစ်ဉီးက ဩဂုတ်လ ၁၃ ရက်နေ့ အတွင်းက ပြောကြားခဲ့သည်။
ရုရှားနိုင်ငံမှ ကာကွယ်ဆေးနှင့် ပတ်သက်၍ ဆုံးဖြတ်ချက် ချရန်အတွက်မူ လုံလောက်သည့် စမ်းသပ်မှုများ လိုအပ်လျက် ရှိသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူး၏ အကြီးတန်း အကြံပေးဖြစ်သူ ဒေါက်တာ ဘူရေ့ရှ် အယ်ဝပ်က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း၏ ညှိနှိုင်းမှုနှင့်အညီ အဆင့် ၂ သို့မဟုတ် အဆင့် ၃ အဆင့်ရှိ စမ်းသပ်မှု များမှတစ်ဆင့် ကာကွယ်ဆေး လျှောက်ထားသူပေါင်း ၉ ဉီးအထိ ရှိကြောင်း သို့သော်လည်း ရုရှားနိုင်ငံမှ ကာကွယ်ဆေးမှာ ၎င်းတို့ထဲမှ တစ်ခုမှ မဟုတ်ကြောင်း ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
နိုဗယ် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေးကိုမူ ကမ္ဘာ့တွင် ပထမဆုံး မှတ်ပုံတင်သည့် ကာကွယ်ဆေးအဖြစ် ရုရှားနိုင်ငံမှ မှတ်ပုံတင်ထားပြီဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အင်္ဂါနေ့က ၎င်း၏ တိုင်းပြည်တွင် ကြေညာခဲ့သည်။
နှစ်ပတ်အတွင်း ရုရှားနိုင်ငံ၏ ကာကွယ်ဆေးကို ထုတ်လုပ်မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရုရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး မက်ခီဟေးလ် မူရှာဖ်ကို က ပြောကြားခဲ့သည်။
ကာကွယ်ဆေးနှင့် ပတ်သက်ပြီး သံသယများမှာ အခြေအအမြစ် မရှိကြောင်း မူရာဖ်ကိုက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်