၁၀ စက်တင်ဘာ
ရုရှားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအတွက် တတိယအကြိမ် လက်တွေ့စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။
ကျန်းမာရေးဝန်ထမ်းများအား နိုဝင်ဘာလတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ထိုးပေးရန် ရုရှားအစိုးရက စီစဉ်ထားလျက်ရှိသည်။
Gamaleya National Research Center မှ ထုတ်လုပ်သည့် အဆိုကာကွယ်ဆေးကို မော်စကိုရှိ ဆေးဖက်ဆိုင်ရာ အဖွဲ့အစည်းက အဆင့်သုံးဆင့်ဖြင့် စမ်းသပ်မှုပြုလုပ်နေခြင်းဖြစ်ကြောင်း ရုရှားကျန်းမာရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါ စမ်းသပ်မှုတွင် စေတနာ့ဝန်ထမ်းပေါင်း ၃၁၀၀၀ ပါဝင် စမ်းသပ်ခံမည်ဖြစ်ကြောင်း မီဒီယာများ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။
၁၉၅၇ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုတွင် လွှတ်တင်ခဲ့သည့် ကမ္ဘာ့ပထမဆုံးဂြိုဟ်တု Sputnik V ကို ဂုဏ်ပြုပြီး ဗိုင်းရပ်စ် ကာကွယ်ဆေးနာမည်ကို Sputnik Vဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လက်တွေ့စမ်းသပ်မှု အဆင့်နှစ်ဆင့်ပြုလုပ်ပြီးနောက် ဩဂုတ်လအစောပိုင်းတွင် ရုရှားအစိုးရက အတည်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါဆေးသည် အမေရိကန်ပြည်ထောင်စု၏ ဆေးများထက် သာလွန်ကောင်းမွန်ကြောင်း ကာကွယ်ဆေးထုတ်လုပ်မှုတွင် ပါ ၀င်သော ရုရှားသုတေသီအချို့က အတည်ပြုပြောကြားခဲ့သည်။
ရုရှားနိုင်ငံတွင်းနှင့် ပြည်ပမှ ဝေဖန်သူများက အဆိုပါ ကာကွယ်ဆေးကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် တီထွင် ထုတ်လုပ်ခဲ့ခြင်းအဖြစ်ရှုမြင်ပြီး ဆေးနှင့်ပတ်သက်ပြီး လုံခြုံမှုနှင့် ထိရောက်မှုအပေါ် သံသယရှိလျက်ရှိကြကြသည်။
ရုရှားနိုင်ငံ၏ ကာကွယ်ဆေးသည် ဘေးထွက်ဆိုးကျိုးမရှိကြောင်းနှင့် ထိရောက်မှုရှိကြောင်း ဗြိတိန်ဆေးဂျာနယ် Lancet တွင် ဖော်ပြခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်