မော်စကို ၁၂ ဒီဇင်ဘာ
ရုရှားနိုင်ငံဥပဒေအရ ရှာဖွေခွင့် တားမြစ်ထားသည့် သတင်းအချက်အလက်များကို ဖယ်ရှားပေးရန် ပျက်ကွက်မှုဖြင့် Google အား ဒဏ်ရိုက်လိုက်ကြောင်း ရုရှားနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်း စောင့်ကြည့်အဖွဲ့ Roskomnadzor ၏ အင်္ဂါနေ့ ထုတ်ပြန်ချက်အရ သိရသည်။
အမေရိကန် ဒေါ်လာ ၇၅၀ဝ နှင့်ညီမျှသည့် ရူဘယ် ၅၀ဝ၀ဝ၀ အား အနိမ့်ဆုံး ဒဏ်ကြေးအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။ Google အနေဖြင့် ရုရှားနိုင်ငံက ဥပဒေအရ တားမြစ်ပိတ်ပင်ထားသည့် အင်တာနက်စာမျက်နှာများကို စာရင်းပြုစုထားသည့် ဖက်ဒရယ် သတင်းအချက်အလက်စနစ်နှင့် ချိတ်ဆက်လုပ်ဆောင်ရန် စောင့်ကြည့်ရေးအဖွဲ့ ထပ်တလဲလဲ ပြောဆိုခဲ့ပါသည်။
Google ဘက်က ဒဏ်ခတ်မှုအပေါ် လိုက်နာခြင်းမရှိသဖြင့် အမေရိကန် ဒေါ်လာ ၁၀၅၀ဝ နှင့်ညီမျှသည့် ရူဘယ် ၇၀ဝ၀ဝ၀ ထိ တိုးမြှင့် ဒဏ်ရိုက် လိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
SMZaw(MDN)
Source> Xinhua