၂၄ ဇွန်
ရုရှားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု၏ အန္တရာယ်အရှိဆုံး အဆင့်ကို ကြံကြံခံ ရပ်တည်နိုင်ခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
ယမန်နေ့အတွင်းက ရုပ်မြင်သံကြားမှ ပူတင်က မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
တိုင်းပြည်အတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှင့် ပတ်သက်ပြီး ရှုပ်ထွေးမှုများနှင့် မကြုံတွေ့ခဲ့ရကြောင်းနှင့် ဗိုင်းရပ်စ်၏ ခြိမ်းခြောက်မှုကို နားလည်ပြီး ရောဂါကို အနိုင်ယူရန်အတွက် စည်းလုံးညီညွတ်ခဲ့သည့်အတွက် ပြည်သူလူထုကို ၎င်းက ချီးကျူးစကားဆိုခဲ့သည်။
တိုင်းပြည်အတွင်း ရောဂါကူးစက်မှုပေါင်း ၇၀ဝ၀ ကျော်သည့်အတွက် လူအများ အနေဖြင့် သတိထား စောင့်ရှောက်ကြရန် ပူတင်က တိုက်တွန်းထားသည်။
စီးပွားရေး လုပ်ငန်းများကိုလည်း ထောက်ပံ့ပေးသွားမည်ဟု ၎င်းက ကတိပြုခဲ့သည်။
ဒုတိယကမ္ဘာစစ် အတွင်းက ဆိုဗီယက်ယူနီယံ၏ ၇၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ရုရှားနိုင်ငံသည် ဗုဒ္ဓဟူးနေ့၌ မော်စကိုတွင် စစ်ရေးပြ အခမ်းအနားကို ကျင်းပပြုလုပ်မည် ဖြစ်သည်။
အဆိုပါ ပွဲကို မေလအတွင်း ကျင်းပရန်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် ရွေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
မိန့်ခွန်းနှင့်ချီတက်ပွဲကို ပူတင်အား ပဉ္စမသက်တမ်းကို ထမ်းဆောင်စေမည့် ဇူလိုင်လ ၁ ရက်နေ့တွင်ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမတိုင်မီ ကျင်းပခြင်းဖြစ်သည်။
ပြောကြားရာတွင် ပူတင်က သူ၏ ခေါင်းဆောင်မှုနှင့် ပြည်သူလူထု၏ စည်းလုံးညီညွှတ်စွာ ကြိုးပမ်းမှုများသည် ရောဂါကူးစက်မှု အခြေအနေကို တိုးတက်ကောင်းမွန်စေရန် ကူညီပေးခဲ့သည်ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်