မော်စကို အောက်တိုဘာ ၁၆
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့စ်သည် မြောက်ကိုရီးယားနိုင်ငံသို့ အောက်တိုဘာ ၁၈ ရက်မှစတင်၍ နှစ်ရက်ကြာ အလည်အပတ်ခရီး သွားရောက်မည်ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၆ ရက်တွင် ပြောကြားသည်။ ယခု လက်ဗရော့စ်၏ခရီးစဉ်သည် ရုရှားသမ္မတ ပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့အကြား ပြီးခဲ့သည့်လ အတွင်း ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များရရှိခဲ့ပြီးနောက် သွားရောက်မည့်ခရီးစဉ်ဖြစ်သည်။
လက်ဗရော့စ်သည် ခရီးစဉ်အတွင်း ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံများအကြား စီးပွားရေးနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးမည်ဖြစ်သည်။
မြောက်ကိုရီးယားနိုင်ငံ၏ ဖိတ်ခေါ်မှုကြောင့် လက်ဗရော့စ် လာရောက်လည်ပတ် ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယား ကေစီ အင်န်အေသတင်းဌာနက ပြောကြား သည်။ ယခုလ နှောင်းပိုင်းတွင် စစ်ဘက်ထောက်လှမ်းရေးဂြိုဟ်တုကို မြောက်ကိုရီးယားက လွှတ်တင်ရေး ဆောင်ရွက်မည်ဟု သိရသည်။ မြောက်ကိုရီးယားသည် ၎င်းဂြိုဟ်တုများ လွှတ်တင်ရေးအတွက် နည်းပညာ အကူအညီကို ရုရှားနိုင်ငံမှ ရယူမည်ဖြစ်ကြောင်း တောင်ကိုရီးယား မီဒီယာများက ပြောကြားသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - စိုးသူရ