၂၁ ဇူလိုင်

 

 

ရုရှားနိုင်ငံက ဩဂုတ်လအတွင်း ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စမ်းသပ်မှုပြီစီးပြီး ယခုနှစ်ကုန်တွင် နိုင်ငံခြားမိတ်ဖက်များနှင့်အတူ ကာကွယ်ဆေးအလုံး သန်း ၂၀၀ ထုတ်လုပ်ရန် မျှော်လင့်ထားကြောင်း ရုရှားနိုင်ငံ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေအဖွဲ့ အကြီးအကဲက ဇူလိုင် ၂၀ ရက်နေ့တွင် ပြောကြားခဲ့သည်။

 

 

ပြီးခဲ့သည့် အပတ်က ကာကွယ်ဆေးစမ်းသပ်မှု ပထမအဆင့် ပြီးဆုံးပြီးနောက် လာမည့်လတွင် ထုတ်လုပ်မှု စတင်ရန် ခွင့်ပြုချက် ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း  ရုရှားနိုင်ငံ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု အကြီးအကဲဖြစ်သူ ကီရေးလ်ဒီမီထရိယက်ဗ်က ပြောကြားခဲ့သည်။

 

 

ရုရှားနိုင်ငံ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အမြောက်အမြား ထုတ်လုပ်ရန် စတင်စီစဉ်နေပြီဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ပေါ်လ်တယ်၌ ထုတ်ပြန်ချက် တစ်ခုအတွင်း ၄င်းက ပြောကြားခဲ့သည်။

 

 

အဆိုပါ ကာကွယ်ဆေး အမြောက်အမြား ထုတ်လုပ်ခြင်းက ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်း ဖြစ်ပေါ်စေသည့် အလားအလာကို ရပ်တန့်စေနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

ယခုနှစ်အကုန်တွင် ရုရှားနိုင်ငံ အနေဖြင့်ကာကွယ်ဆေးအလုံး သန်း ၃၀ ကို ထုတ်လုပ်နိုင်သည့် အနေအထားတွင် ရှိနေပြီး ကမ္ဘာအနှံ့ရှိ နိုင်ငံတကာ မိတ်ဖက်များသို့ စုစုပေါင်း သန်း ၂၀၀ အထိ ရောက်ရှိလာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

 

 

စစ်ဘက်နှင့် အရပ်ဖက်ဆိုင်ရာ စေတနာ့ဝန်ထမ်းများကို  ဂျာမဏီနိုင်ငံ ကူးစက်ရောဂါဗေဒနှင့် အဏုဇီဝဆိုင်ရာ သုတေသန အဖွဲ့အစည်းက စမ်းသပ်လျက်ရှိသည်။

 

 

စမ်းသပ်မှု ဒုတိယအဆင့်ကို ဩဂုတ်လ ၃ ရက်နေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။

 

 

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-မေဇော်ထက်