၇ မေ

 

ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူပေါင်း ၁၁,၀၀၀ ကျော်ရှိကြောင်း ဒီနေ့ (ကြာသပတေးနေ့) ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုးကို လူပေါင်း ၁၁,၂၃၁ ဦး မှာ (၂၄) နာရီအတွင်း တွေ့ရှိတဲ့အတွက် ရုရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ စုစုပေါင်း ၁၇၇,၁၆၀ ဦး ရှိကြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဉရောပအတွင်းမှာ ရုရှားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက် စတုတ္ထအဆင့်မှာ ရှိပြီး ကမ္ဘာမှာတော့ ပဉ္စမအဆင့်မှာ ရှိနေကြောင်း AFP သတင်းဌာနရဲ့ မှတ်တမ်းအရ သိရပါတယ်။

 

mdn

 

ပြီးခဲ့ တနင်္ဂနွေနေ့ကစပြီး  ရုရှားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ  တစ်နေ့လျှင် ၁၀,၀၀၀ ကျော် ရှိနေတဲ့အချိန်မှာ ဉရောပအနောက်ပိုင်းရှိ နိုင်ငံတွေမှာ အသွားအလာ ပိတ်ဆို့မှုကို ဖျက်သိမ်းနေတာကို တွေ့ရပါတယ်။

 

ကြာသပတေးနေ့အထိ လူပေါင်း ၄.၈ သန်းကျော်ကို ရောဂါပိုးစစ်ဆေးပြီးကြောင်း၊ တခြားနိုင်ငံနဲ့ မတူဘဲ လူအများအပြားအား ရောဂါပိုး နေ့စဉ်စစ်ဆေးပေးနေကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

 

ရောဂါပိုးတွေ့ရှိသူများပေမယ့် ရုရှားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူနှုန်းဟာ နည်းတာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ (၂၄) နာရီအတွင်းမှာ လူပေါင်း ၈၈ ဦးသေဆုံးရာ စုစုပေါင်း သေဆုံးသူ ၁,၆၂၅ ဦးရှိကြောင်း သိရပါတယ်။

 

မေလ ၁၁ ရက်အထိ အလုပ်တွေရပ်ဆိုင်းထားတဲ့ အိမ်မှာဘဲနေထိုင်ရမယ့် ကာလအဖြစ် ရုရှားအစိုးရက ကြေညာထားပါတယ်။ မေ ၁၁ ရက်ကျော်တဲ့အချိန်မှာလည်း အိမ်မှာဘဲ ဆက်လက်နေထိုင်ရေး တားမြစ်ချက် ဆက်လက်ရှိနေမယ်လို့ ဆိုပါတယ်။

 

ရုရှားနိုင်ငံ မော်စကိုမြို့ဟာ ဗိုင်းရပ်စ်ပိုး ပျံ့ပွားရာ ဗဟိုချက်ဖြစ်လာတဲ့အတွက် မြို့ခံတွေဟာ အိမ်အပြင်ထွက်မယ် ဆိုရင် ခွင့်ပြုချက်နဲ့သာ သွားခွင့်ရကြောင်း သိရပါတယ်။

 

MDN
AFP