၁၁ ဇန်နဝါရီ

 

 

ရုရှားနိုင်ငံမှာ ဗြိတိန်တွင် စတင်တွေ့ရှိတဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ် B117 ပထမဆုံးတွေ့ရှိကြောင်း တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။ ဗြိတိန်နိုင်ငံမှာ B117 ပိုးအသစ် တွေ့ရှိပြီးနောက် ရုရှားက လေယာဉ်အသွားအလာတွေကို ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

 

 

ဗြိတိန်နိုင်ငံကနေ ရုရှားကို ပြန်လာတဲ့ လူတစ်ဦးမှာ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ် တွေ့ရှိကြောင်း ရုရှား ကျန်းမာရေး စည်းမျဉ်းစည်းကမ်းအဖွဲ့ Rospotrebnadzor ခေါင်းဆောင် အန်နာပိုပိုဗာက နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ပြောကြားပါတယ်။

 

 

ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ် B117 ဟာ အင်္ဂလန် အရှေ့တောင်ပိုင်းမှာ ၂၀၂၀ ခုနှစ် အကုန်ပိုင်းမှာ စတင်တွေ့ရှိပြီး နိုင်ငံပေါင်း ဒါဇင်နဲ့ချီပြီး အခုဆိုရင် အဲဒီ ဗိုင်းရပ်စ်ပိုးအသစ် တွေ့ရှိနေပြီ ဖြစ်ပါတယ်။

 

 

ရုရှားနိုင်ငံဟာလည်း ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များတဲ့နိုင်ငံဖြစ်ပြီး တနင်္ဂနွေနေ့ ထုတ်ပြန်ချက်အရ ပိုးတွေ့ရှိသူ ၃ ဒသမ ၅ သန်း ရှိကြောင်း သိရပါတယ်။

 

 

ရုရှားနိုင်ငံက နိုင်ငံတွင်း ထုတ်လုပ်ထားတဲ့ ကပ်ရောဂါပိုး ကာကွယ်ဆေး Sputnik V နဲ့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုးကို တုံ့ပြန်ဖို့ စဉ်းစားနေချိန် တခြားဉရောပနိုင်ငံတွေမှာ ပိုးကူးစက်မှု ထိန်းချုပ်ရန် အသွားအလာ ကန့်သတ်မှုတွေ လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn