ရုရှားနိုင်ငံမှာ လေးရက်ဆက်တိုက် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ တစ်သောင်းကျော်ဖြစ်နေကြောင်း သိရ

၆ မေ

 

ရုရှားနိုင်ငံတွင် နေ့စဉ် လူတစ်သောင်းကျော်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိတာ လေးရက်မြောက်နေ့အဖြစ် ရောက်ရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ရုရှားနိုင်ငံဟာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ဗဟိုနေရာဖြစ်လာပြီး ဉရောပမှာ ရောဂါပိုးကူးစက်မှု အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။

 

(၂၄)နာရီအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၀,၅၅၉ ဦးရှိရာ စုစုပေါင်း ၁၆၅,၉၂၉ ဦးရှိသွားကြောင်းနဲ့ သေဆုံးသူ ၁,၅၃၇ ဦးရှိကြောင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတွေက ဒီနေ့ ထုတ်ပြန်ပါတယ်။

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ နေ့စဉ် တစ်သောင်းကျော်ရှိကြောင်း သိရပါတယ်။ မော်စကိုဟာ ကပ်ရောဂါပိုး ပျံ့နှံ့ရာဗဟိုဖြစ်လာရာ ရောဂါပိုးတွေ့ရှိသူ ၈၅,၉၇၃ ဦးနဲ့ သေဆုံးသူ ၈၆၆ ဦးမှာရှိကြောင်း ထုတ်ပြန်ထားပါတယ်။

 

ရုရှားနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်သူ များနေပေမယ့် သေဆုံးသူ အရေအတွက်ဟာ အီတလီ၊ စပိန်နဲ့ အမေရိကန်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက နည်းနေသေးကြောင်း သိရပါတယ်။

 

တာဝန်ရှိသူတွေက နိုင်ငံရဲ့ နယ်စပ်တွေကို ပိတ်လိုက်ပြီး ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နောက်ကြောင်းပါ လိုက်ရှာပြီးရောဂါ ပိုးစစ်ဆေးနေကြောင်း သိရပါတယ်။

 

MDN
ကိုးကား - AFP