မော်စကို ဒီဇင်ဘာ ၂၇
ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၃၇၂၁ ဦးထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ပေါင်း ၁၀၃၉၂၀၂၀ ရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။
ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့်သေဆုံးသူ ၉၆၈ ဦးထပ်မံတွေ့ရှိခဲ့သဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ပေါင်း ၃၇၂၈၅ ဦးရှိလာကြောင်း သိရ ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်သည်။ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံ အသီးသီးမှ ဆင်းခွင့်ရရှိသူ ၃၇၂၈၅ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၉၂၅၉၇၇၁ ဦးရှိလာကြောင်း သိရသည်။
ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံးဒေသဖြစ်သည့် မြို့တော် မော်စကို၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၁၈၀ ရှိခြင်းကြောင့် မြို့တော်တစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၀၁၉၆၀၂ ဦးရှိလာကြောင်း သိရသည်။
လက်ရှိတွင် ရုရှားနိုင်ငံ၌ လူဦးရေ ၇၇ ဒသမ ၈ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်ကြိမ်ထိုးနှံမှုခံ ယူပြီးဖြစ်ကြောင်းနှင့် ၇၃ ဒသမ ၁ သန်း ကျော်သည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်