အောက်တိုဘာ ၁၃

 

ရုရှားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁၅၆၄၀ ထပ်မံတွေ့ရှိခဲ့ကြောင်း ရောဂါစောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာက ယမန်နေ့ကပြောကြားသည်။

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၁၂၄၈၆၀၃ ရှိလာကြောင်း ထိုစင်တာကဖော်ပြထားသည်။

 

အဆိုပါရောဂါကူးစက်ခံရမှုကြောင့် ၁၀၅ ဦး ထပ်မံသေဆုံးခဲ့သည်ဟု ထိုစင်တာကဆိုသည်။

 

နိုင်ငံတစ်ဝန်းတွင် ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၃၈၈၅၀၉ ဦး ရှိလာကြောင်း သိရသည်။

 

ကိုဗစ်ရောဂါကူးစက်ခံရသူများနက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၂၀၅၀၀၉၆၁ ဦးရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။

 

မြို့တော် မော်စကိုတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၁၅၆၁ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ထိုရောဂါကူးစက်ခံရသူပေါင်း ၃၂၁၅၁၈၉ ဦးရှိကြောင်း သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို