မော်စကို  အောက်တိုဘာ  ၃၀

 

ရုရှားနိုင်ငံ၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၆၈၀၃ ဦး ထပ်မံ တွေ့ရှိခဲ့ခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၂၁၄၂၃၇၂၅ ဦး ရှိလာကြောင်း ရုရှားနိုင်ငံ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာက အောက်တိုဘာ ၃၀ ရက်တွင် ပြောကြားသည်။

 

ထို့ပြင် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၇၅ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း ၃၉၀၁၀၄ ဦး ရှိလာကြောင်းနှင့် လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူ ၉၀၀၈ ဦး ထပ်တိုးလာခြင်းကြောင့် ပြန်လည် ကျန်းမာလာသူပေါင်း ၂၀၇၉၆၁၂၄ ဦး ရှိလာကြောင်း ရုရှားနိုင်ငံ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာက ပြောကြားသည်။

 

ရုရှားနိုင်ငံ၌ မြို့တော်မော်စကိုသည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု အများဆုံးဒေသဖြစ်ပြီး လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၇၃၀ ထပ်မံတွေ့ရှိခြင်းကြောင့် မြို့တော်မော်စကို၌ ရောဂါကူးစက် ခံရသူပေါင်း ၃၂၃၀၂၈၈ ဦး ရှိလာကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်