မော်စကို နိုဝင်ဘာ ၇
ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၁၃၃၅ ဦးရှိခြင်းကြောင့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုစံချိန်တင်ခဲ့ပြီး နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၈၇၅၅၉၃၀ ရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။
ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၁၈၈ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် သေဆုံးသူပေါင်း ၂၄၅၆၃၅ ဦးရှိလာကြောင်း သိရသည်။
ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၉၂၀၁ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၇၅၃၅၁၇၂ ဦးရှိလာကြောင်း သိရသည်။
မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံး ဒေသဖြစ်ပြီး လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၈၈၀ ရှိခြင်းကြောင့် မြို့တော်တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၈၅၆၆၄၉ ဦးရှိလာကြောင်း သိရသည်။
နိုင်ငံလူဦးရေသန်း ၆၀ ကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အနည်းဆုံးတစ်ကြိမ် ထိုးနှံမှု ခံယူပြီးဖြစ်ကြောင်းနှင့် ၅၇ သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အလင်းသစ်