မော်စကို နိုဝင်ဘာ ၂၂
ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၆၉၇၀ ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း၌ ကူးစက်ခံရသူပေါင်း ၉၃၃၁၁၅၈ ဦးရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။
သေဆုံးသူပေါင်း ၂၆၄၀၉၅ ဦး ရှိလာ
ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၂၅၂ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် သေဆုံးသူပေါင်း ၂၆၄၀၉၅ ဦး ရှိလာကြောင်း သိရသည်။
ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၃၂၅၀၄ ဦးရှိပြီး ပြန်လည်ကျန်းမာလာသူပေါင်း ၈၀၂၄၉၃၀ ရှိလာကြောင်း သိရသည်။ ။
ရောဂါကူးစက်ခံရမှု အများဆုံးဒေသဖြစ် မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု အများဆုံး ဒေသဖြစ်ပြီး လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၄၃၈ ဦးရှိခြင်းကြောင့် မြို့တော်တစ်ဝန်း၌ ကူးစက် ခံရသူပေါင်း ၁၉၁၈၆၃၃ ဦးရှိလာကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်