မွမ်ဘိုင်း ၁၆ မေ
အိန္ဒိယနိုင်ငံ၏ ဒေါက်တာ ရက်ဒီဓာတ်ခွဲခန်းမှ ရုရှားနိုင်ငံထုတ် Sputnik v ကိုဗစ်-၁၉ ကာကွယ်ဆေးကို စတင်ဖြန့်ဖြူးပြီး ဟိုက်ဒရာဘတ်တွင် လူတစ်ဦးကို ပထမအကျော့ ကာကွယ်ဆေးထိုးနှံမှု ပြုလုပ်သည်ဟု သိရသည်။
ကာကွယ်ဆေး၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၉ ဒေါ်လာ ကျသင့်ပြီး အိန္ဒိယကုမ္ပဏီထံ မေ ၁ ရက် တွင် စတင်ရောက်ရှိခဲ့ ခြင်းဖြစ်ရာ ဆေးဝါးကြီးကြပ်ရေးမှ မေ ၁၃ ရက်တွင် အသုံးပြုခွင့်ပေးခဲ့သည်။
အိန္ဒိယနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်မှုများကြားတွင် ရုန်းကန်နေ ရပြီး မေ ၁၄ ရက်အထိ ၃ ဒသမ ၇ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၆၂၃၁၇ ဦးရှိသည်ဟု သိရသည်။ လာမည့်လများအတွင်း Sputnik V ကာကွယ်ဆေးကို ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့်အချိန်အထိ နောက်ထပ်ကာကွယ်ဆေးများ ရရှိ ဦးမည်ဟု သိရသည်။
ပြည်တွင်း၌ပင် Sputnik v ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး ကုမ္ပဏီသည် အိန္ဒိယရှိ မိတ်ဖက်အဖွဲ့အစည်း ခြောက်ခုနှင့် အနီးကပ်လုပ်ဆောင်လျက်ရှိသည်။
ဆင်ဟွာ