မော်စကို၊  ၂၉  ဇန်နဝါရီ

 

 

ရုရှားနိုင်ငံမှာ ပြီးခဲ့ ၁၂ လအတွင်း လူဦးရေ ငါးသိန်း ကျဆင်းသွားကြောင်း၊ ၂၀၀၀ ခုနှစ်များ အတွင်းမှာ အနိမ့်ဆုံး ကျဆင်းမှုဖြစ်ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်တဲ့ တရားဝင် အချက်အလက်တွေအရ သိရပါတယ်။

 

 

ရုရှားနိုင်ငံရဲ့ လူဦးရေဟာ ၁၄၆.၂ သန်း ရှိကြောင်း ၂၀၂၁ ခုနှစ် ဇန်နဝါရီ တစ်ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းမှာ ပါရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်က စာရင်းထက် လူဦးရေ ၅၁၀,၀၀၀ ကျဆင်းသွားကြောင်းနဲ့ ၁၅ နှစ်အတွင်းမှာ လူဦးရေ ကျဆင်းမှု အနည်းဆုံးလို့ ထုတ်ပြန်ချက်အရ ဆိုရမှာ ဖြစ်ပါတယ်။

 

 

ထုတ်ပြန်ချက်မှာ ဘာကြောင့် လူဦးရေ နည်းသွားတယ် ဆိုတာကို ရှင်းပြထားခြင်း မရှိတာကို တွေ့ရပါတယ်။ ရုရှားနိုင်ငံဟာလည်း တခြားနိုင်ငံတွေနည်းတူ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကြောင့် သေဆုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံဖြစ်ပါတယ်။ ရုရှားမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၇၁,၆၅၁ ဦး ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

 

 

ဆိုဗီယက်ယူနီယံ (USSR) ပြိုကွဲသွားတဲ့ ၁၉၉၁ ခုနှစ်ကစပြီး ရုရှားရဲ့ လူဦးရေဟာ ဆက်တိုက် ကျဆင်းလာတာကို တွေ့ရပါတယ်။

 

 

လူဦးရေ ကျဆင်းခြင်းရဲ့ နောက်ကွယ်က အဓိက အကြောင်းအချက်တွေကတော့ ကလေးမွေးဖွားနှုန်း ကျဆင်းခြင်း၊ လူ့သက်တမ်းဟာ ပျမ်းမျှအားဖြင့်  ၇၂ နှစ်အထိ ကျဆင်းခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု မညီမျှခြင်းနဲ့ နိုင်ငံကနေ ထွက်ခွာရွှေ့ပြောင်းသွားခြင်းတို့ ဖြစ်ပါတယ်။

 

 

ယူကရိန်းနိုင်ငံကနေ ခရိုင်းမီးယားဒေသကို ၂၀၁၄ ခုနှစ်မှာ ရုရှားက သိမ်းယူခဲ့တဲ့အတွက် လူဦးရေ ၂.၅ သန်း ကျော် တိုးသွားပေမယ့် အဲဒီစာရင်းကို နိုင်ငံတကာက အသိအမှတ် မပြုတာကို တွေ့ရပါတယ်။

 

 

MDN

ကိုးကား - AFP

mdn