မော်စကို ဇန်နဝါရီ ၁၆

 

ရုရှားနိုင်ငံသည် မြောက်ကိုရီးယားနှင့် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်ဟု  ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကောဗ့်က ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားသည်။

 

မြောက်ကိုရီးယားသည် ရုရှားနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ကဏ္ဍစုံ၌မြှင့်တင်မည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

 

မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Choe Son Hui  ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ  ၁၅ ရက်မှ ၁၇ ရက်အတွင်း  ရုရှားနိုင်ငံသို့ အလည်အပတ်သွားရောက်မည်ဖြစ်သည်။

 

၎င်းခရီးစဉ်အတွင်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်  မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Choe Son Hui တို့ အကြား  တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ၎င်းဆွေးနွေးပွဲမှ ပြည့်စုံသည့်ရလဒ်များ ရရှိလာမည်ဟု မော်စကိုက ယုံကြည်ထားသည်။

 

ထို့ပြင် ရုရှားနိုင်ငံသမ္မတ ပူတင်သည် မကြာမီအချိန်အတွင်း မြောက်ကိုရီးယားနိုင်ငံသို့ အလည်အပတ် သွားရောက်မည်ဖြစ်ကြောင်း ပတ်စကော့ဗ်က ထပ်လောင်း ပြောကြားသည်။

 

ကိုးကား-စပွတ်ညစ်

ဘာသာပြန်-စိုးသူရ