မော်စကို မေ ၂၀

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံနှင့် ဆက်သွယ်ကာ ငြိမ်းချမ်းရေးရရှိရေးအတွက် ဆောင်ရွက်မည်ဟု ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာကာရိုဗာက မေ ၂၀ ရက်တွင် ပြောကြားသည်။ 

ရုရှားနိုင်ငံအနေဖြင့် ၎င်းပဋိပက္ခအတွက် တရားမျှတသည့် ဖြေရှင်းချက်ရရှိရေးကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပြီး ၎င်းကဲ့သို့ဆောင်ရွက်ရန်အတွက် ပြဿနာများ၏ အရင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်ဟု ၎င်းကပြောကြားသည်။

ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် ဆောင်ရွက်မည်

 အပစ်အခတ်ရပ်စဲရေးရရှိရေးအတွက် ပဋိပက္ခဖြေရှင်းရေးဆိုင်ရာ စည်းမျဉ်းများ၊ ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိမည့်  ကာလအပါအဝင်  ကဏ္ဍအများအပြားတွင် နှစ်နိုင်ငံအကြား သဘောတူညီချက်ရရှိရန်  လိုအပ်ကြောင်း ၎င်းကပြောကြားသည်။ နှစ်နိုင်ငံအကြားငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန်နှင့် အပစ်အခတ်ရပ်စဲရေးအတွက် ပြင်ဆင်ဆောင်ရွက်ရမည်ဟု ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပတ်စကော့ဗ်က ပြောကြားသည်။ 

ရုရှား-ယူကရိန်းအရေးနှင့် အစ္စတန်ဘူလ် ဆွေးနွေးပွဲရလဒ်များနှင့်ပတ်သက်၍ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ထရမ့်တို့အကြား ယမန်နေ့က ဆွေးနွေးခဲ့သည်။ 
 
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - စိုးသူရ