အစ္စတန်ဘူလ် ဇွန် ၂
ရုရှားနှင့် ယူကရိန်းအကြား လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူလ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ယခု ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက်ဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းများအတွက် တူကီယဲနိုင်ငံက လိုအပ်သည်များ ကူညီဆောင်ရွက်မည် ဖြစ်ကြောင်း တူကီယဲ နိုင်ငံခြားရေးဝန်ကြီး ဟာကန်ဖီဒန်ကပြောကြားသည်။ ယခုဆွေးနွေးပွဲမှ တစ်ဆင့် ခေါင်းဆောင်များအကြား ဆွေးနွေးပွဲကျင်းပရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ ရုရှားကိုယ်စားလှယ်အဖွဲ့အား သမ္မတ၏ လက်ထောက် ဗလာဒီမာမီဒန်စကီးက ဦးဆောင်ပြီး ယူကရိန်းကိုယ်စားလှယ်အဖွဲ့အား ကာကွယ်ရေးဝန်ကြီး ရက်စတန်ယူမီရော့က ဦးဆောင်ကြောင်း သိရသည်။
ရုရှားနှင့် ယူကရိန်းအကြား မေ ၁၆ ရက်က တွေ့ဆုံစဉ်အတွင်း ထိန်းသိမ်းထားသည့် အကျဉ်းသား တစ်ထောင်စီကို အပြန်အလှန်လဲလှယ်ရန် သဘောတူခဲ့သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ