ရန်ကုန် ၁၈ စက်တင်ဘာ
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Digital Development, Telecom and Mass Communications ဒုတိယဝန်ကြီး Mr. Aleksey Volin သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပုဂ္ဂလိကမီဒီယာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး Mr. Nikolay Listopadov နှင့် တာဝန်ရှိသူများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းနိုင်နှင့် ပုဂ္ဂလိက မီဒီယာအဖွဲ့အစည်းများ ဖြစ်ကြသော Forever Group Co.,Ltd ၊ Shwe Than Lwin Co.,Ltd ၊ Mingalar Company Ltd နှင့် Myanmar Times တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ Smart Cities ကိစ္စရပ်များ၊ ဆက်သွယ်ရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ Analogue TV အသုံးပြုမှု ပိတ်သိမ်းရေးဆိုင်ရာကိစ္စရပ်များ၊ ရုပ်ရှင်နှင့် ရုပ်သံဆိုင်ရာကိစ္စရပ်များ၊ New Media ကိစ္စရပ်များ ရုပ်ရှင် ပြသရေးဆိုင်ရာကိစ္စရပ်များ၊ Digital ရုပ်သံထုတ်လွှင့်မှုစနစ် ကူးပြောင်းရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးကြသည်။
သတင်းစဉ်


