နေပြည်တော်၊ ၅ ဇန်နဝါရီ

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရှေ့နေချုပ်ရုံးမှကြီးမှူး၍ “Together Against Corruption” ခေါင်းစဉ်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပိုစတာနှင့် ဗီဒီယိုကြော်ငြာ ပြိုင်ပွဲတစ်ရပ်ကျင်းပခဲ့ပြီး နိုင်ငံတကာမှ အသက်(၁၄)နှစ်မှ (၃၅)နှစ်အတွင်း လူငယ်များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

အဆိုပါပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခဲ့သူများအနက် ရန်ကုန်မြို့၊ အ.ထ.က(၂) စမ်းချောင်းတွင် ပညာသင်ယူနေသော အဋ္ဌမတန်းကျောင်းသူ မအိမ့်မျက်ခြယ်သည် ဒုတိယဆုရရှိခဲ့သည်။

 

ဆုချီးမြှင့်ပွဲအခမ်းအနားကို အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အထိမ်းအမှတ်နေ့ဖြစ်သည့် ဒီဇင်ဘာ ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်