နေပြည်တော် ဇူလိုင် ၂၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရား ရုံးချုပ် တရားသူကြီးချုပ် H.E. Mr . Vyacheslav Lebedev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိကြရာ ပြည် ထောင်စု တရားလွှတ် တော်ချုပ် တရားသူကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်တပ်မတော် လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

လှည့်လည်လေ့လာကြည့်ရှု

မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏ သီရိမြို့နယ် ဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားပူဇော်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်းရှိ သာသနိက အဆောက်အအုံများနှင့် ကျောက်စာရုံစေတီများကို လှည့်လည်လေ့လာ ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသသည်။

ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး လိုဏ်တော်အတွင်းရှိ ကျောက်စိမ်းရုပ်ပွား တော်များအား သွားရောက်ဖူးမြော် ကြည်ညိုပြီးပန်း၊ ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံ တရားရုံးချုပ် တရားသူကြီး ချုပ်က ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏ ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုး၍ အလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ရင်ပြင်တော်၌မှတ်တမ်း တင်ဓာတ်ပုံရိုက်ပြီး စေတီ တော် အရှေ့ဘက်မုခ်ရှိ ရတနာဆင်ဖြူတော်အဆောင်သို့ သွားရောက်ကာ ဆင်ဖြူတော်များကို အစားအစာများ ကျွေးမွေးကြသည်။

ညပိုင်းတွင် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားသူကြီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို နေပြည် တော်ရှိ Park Royal Hotel ၌ ညစာဖြင့် တည်ခင်းဧည့်ခံသည်။

ဇူလိုင် ၂၅ ရက် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရုံးချုပ် တရားသူကြီးချုပ် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့ ကျောက်မျက်ရတနာ ပြတိုက် (နေပြည်တော်) သို့ သွားရောက်လေ့လာပြီး ပြခန်းမဆောင်အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်၊ ပုလဲ လက်ဝတ် ရတနာများနှင့် သယံ ဇာတပစ္စည်းများကို ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံ တရားသူကြီးချုပ် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ပြခန်းအတွင်း တာဝန်ရှိသူများ နှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြပြီး လက်ဆောင်ပစ္စည်း များပေးအပ်ရာ ပြခန်းတာဝန်ရှိ သူများက လက်ခံရယူကြသည်။

သတင်းစဉ်