နေပြည်တော် ၃ဝ ဇွန်
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ဝင်များနှင့် ပြန်လည်လိုက်ပါလာသူများတွင် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ခဲ့သည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဝင် ၁၅ ဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲရှိသည့် ပညာတော်သင် သင်တန်းသား၊ သင်တန်းသူ ၂၂ ဦးသည် ဇွန် ၂၅ ရက် ညပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သတ်မှတ်ထားသည့်နေရာများ၌ Home Quarantine၊ Facilities Quarantine စနစ်တကျနေထိုင်ခဲ့ကြောင်း။
ယနေ့တွင် ၎င်းမြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများကို နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ် ရယူ၍ Polymerase Chain Reation (PCR) နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ ၎င်းတို့တွင် COVID-19 ရောဂါပိုးတွေ့ရှိမှု မရှိကြောင်း ဖော်ပြပါရှိသည်။
သတင်းစဉ်


