မော်စကို ဇူလိုင် ၉
ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အိန္ဒိယဝန်ကြီး ချုပ်မိုဒီတို့သည် မော်စကိုမြို့တော်၌ ယနေ့တွေ့ဆုံ ခဲ့ကြောင်း သိရသည်။
ခေါင်းဆောင်နှစ်ဦးသည် စစ်ရေးနှင့် စီးပွားရေး ဆိုင်ရာနယ်ပယ်များတွင် နှစ်နိုင်ငံဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် စီးပွားရေးအရ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းကာ အိန္ဒိယ နိုင်ငံသို့ ရေနံစိမ်းတင်သွင်းမှုပမာဏကို တိုးမြှင့် တင်သွင်းခဲ့ကြောင်း သိရသည်။
အနောက်အုပ်စုနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ကြားတွင် ရုရှားနိုင်ငံ၏ရပ်တည်ချက်အပေါ် ဝန်ကြီး ချုပ်မိုဒီ၏ နားလည်မှုရှိခြင်းကို သမ္မတပူတင်က လိုလားလျက်ရှိသည်။
အိန္ဒိယနိုင်ငံသည် Global South ဟုခေါ်သော ထွန်းသစ်စနိုင်ငံအုပ်စုများအနက် တစ်နိုင်ငံအပါအဝင် ဖြစ်သည်။ အိန္ဒိယနှင့် ရုရှားတို့သည် ရှေးယခင်ကတည်းက ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုများ ရှိသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်