ရုရှားသမ္မတ ပူတင်နှင့် ယူကရိန်းခေါင်းဆောင်သစ် ဆွေးနွေး

၁၂ ဇူလိုင်

 

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယူကရိန်းသမ္မတသစ် ဗိုလိုဒိုင်မာဇီလန်စကီးတို့သည် ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းအရှေ့ပိုင်းပဋိပက္ခကို ဆွေးနွေးခဲ့ကြသည်။

 

၄င်းတို့နှစ်ဦးသည် ယူကရိန်းအရှေ့ပိုင်း ဖြေရှင်းရေးကိစ္စ၊ အကျဉ်းသားကိစ္စကို ဆွေးနွေးခဲ့ကြပြီး ပညာရှင်အဆင့်၌ ဆက်လက်လုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း ကရင်မလင်နန်းတော်က ပြောသည်။ 

 

အဆိုပါ ဆွေးနွေးပွဲမှာ တနင်္လာနေ့တွင် ယူကရိန်းသမ္မတ ဇီလန်စကီးက ဗွီဒီယိုဖိုင်တစ်ဖိုင် ပေးပို့ပြီး နောက် ဖြစ်လာခြင်းဖြစ်သည်။  

 

ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နှင့် ဂျာမဏီခေါင်းဆောင်များကို ဆွေးနွေးပွဲတွင် ပူးပေါင်း ပါဝင်ရန် ၄င်းက ဖိတ်ခေါ်ထားသည်။

 

ပူတင်က ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနိုင်ကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

 

ကိုးကား-အန်အိတ်ချ်ကေ

 

ဘာသာပြန်-မေဇော်ထက်