ရုရှားသမ္မတပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ်မိုဒီ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ဒီဇင်ဘာ ၇

 

ရုရှားနိုင်ငံသမ္မတပူတင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီတို့ မြို့တော်နယူးဒေလီတွင် ယမန်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် နှစ်နှစ်အတွင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံသည့် ဆွေးနွေးပွဲဖြစ်သည်။

 

ထိုခေါင်းဆောင်များသည် စီးပွားရေး၊ လုံခြုံရေးနှင့် စွမ်းအင်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေသည့် နည်းလမ်းများကို ဆွေးနွေးခဲ့ဖွယ်ရှိသည်။

 

အမေရိကန်တပ်ဖွဲ့များဆုတ်ခွာသွားပြီးနောက် အာဖဂန်နစ္စတန်နိုင်ငံ၏အခြေအနေအပါအဝင် ဒေသတွင်း ကိစ္စရပ်များကိုလည်း ၎င်းတို့နှစ်ဦး အမြင်ချင်း ဖလှယ်ခဲ့ကြသည်ဟု ယူဆရသည်။

 

ရုရှားနိုင်ငံမှဝယ်ယူထားသော အက်စ် ၄၀၀ ဝေဟင်ပစ်ဒုံးကျည်စနစ်နှင့်ပတ်သက်ပြီးလည်း ၎င်းတို့အလေးထား ဆွေးနွေးခဲ့ကြသည်။

 

အမေရိကန်ပြည်ထောင်စုက စိုးရိမ်ကြောင်း ဖော်ပြနေချိန်တွင် အိန္ဒိယက ထိုစနစ်ကို နိုင်ငံတစ်ဝန်းတွင်ဖြန့်ချထားရန် လုပ်ဆောင်နေသည်။

 

ရုရှားနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့်ရင်းနှီးချစ်ကြည်သည့်ဆက်ဆံရေးကို အလေးထားလိုသည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို