ကီဂါလီ၊ မေ ၇

 

ယခုသီတင်းပတ် အစောပိုင်းကဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်များကြောင့် ရဝမ်ဒါနိုင်ငံ ဒေသအသီးသီးရှိ  ပြည်နယ်များတွင်  လူပေါင်း  ၉၀၀၀  ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရ ကြောင်း  တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အိမ်ထောင်စုပေါင်း ၅၅၉၈ စု ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မတူညီ သောနေရာများ၌ ခိုလှုံနေကြရသည်။ ရဝမ်ဒါနိုင်ငံ အနောက်ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းပြည်နယ်များတွင် မေလအစောပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် အနည်းဆုံး လူ ၁၃၁ ဦး သေဆုံးပြီး  ၉၄ ဦး ဒဏ်ရာရခဲ့ ကြောင်း သိရသည်။

 

ထို့အတူ သဘာဝဘေးကြောင့် လူ ၃၄ ဦးခန့်မှာ ကျန်းမာရေး စောင့်ရှောက်မှုခံယူနေရဆဲဖြစ်ပြီး  လူတစ်ဦး  ပျောက်ဆုံးနေသည်။ ထို့ပြင် အိမ်ခြေ  ၅၅၅၀ ကျော်၊ လမ်း ၁၄ လမ်းနှင့် စာသင်ကျောင်း ၅၀ ကျော် ပျက်စီးခဲ့ပြီး သဘာဝ ဘေးအန္တရာယ်ကြောင့် ကောက်ပဲသီးနှံများ၊ ရေနှင့်လျှပ်စစ် ဓာတ်အားဆိုင်ရာ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၎င်းက  ဆက်လက်ပြောသည်။

 

ဆင်ဟွာ