ပုဏ္ဏားကျွန်း၊ ၈ ဇန်နဝါရီ
သားအိမ်ခေါင်းရောဂါကာကွယ်ဆေး(HPV)အား ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်း(မြို့နယ်) အဆင့် အသိပညာပေးဆွေးနွေးပွဲကို COVID-19 ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဇန်နဝါရီ ၈ ရက် နံနက် ၁၀ နာရီက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျန်းမာရေးဦးစီးဌာန၏ အစည်းအဝေခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်သိန်းက အမှာစကား ပြောကြားပြီး မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်စစ်ထွန်းက သားအိမ်ခေါင်း ရောဂါကာကွယ်ဆေး (HPV)အကြောင်း သိကောင်းစရာများကို အသေးစိတ်ရှင်းလင်းပြောကြားကာ တက်ရောက်လာကြ သူများက သိရှိလိုသည်များကို မေးမြန်ဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူထုအခြေပြုကျန်းမာရေးဝန်ထမ်းများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး(HPV)ကို အသက်(၉)နှစ်နှင့် (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များကို ဇန်နဝါရီလမှ စတင်ကာ (၁၂)လခြားပြီး (၂)ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)


